Ayeko

banner
banner
banner
banner

Aye Ko

Date of birth

:

7 august 1963

Place of birth

:

Pathein, Myanmar.

Nationality

:

Myanmar.

Address

:

No.227,29th street, Pabedan township, Yangon, Myanmar.

Phone number

:

95-1-705736,95-1-376249,95-1- 375250, 959-5000802.

E-mail

:

ayekoart@myanmar.com.mmayekoart@myanmar.com.mm
ayekoart@gmail.comayekoart@gmail.com

He was born in Pathein in 1963. After 1988, he arrived and entered into Yangon art society. He was one of the post Modern art generations in Myanmar. In 1990, he organized “Modern Art 90” art exhibition and participated in that. Aye Ko made impression paintings as his early art works. Through contact with Yangon based Modern artists such as Maung D and Aung Myint, he also started working with abstractions. In 1994, he founded “Olive” gallery. After 1996, he interested in postmodern ideas and he practiced performance art. In 1999, he participated in second Asia topia International Performance Art festiva l in Bangkok in Thailand. Afterwards, he subsequent ly made performance works in Hong Kong, Macau, Cambodia, Germany, Philippines, Vietnam, France, Indonesia, japan and New York and renowned internationally as a Myanmar performance Artist. After 2000, he has practiced multimedia art and new art and participated in the activities of “New Zero Art Group”, which transformed from “Modern art 90”in the leading role. In 2001, he made a performance piece at Asian performance Art Festival in New Yor, which was the greatest art festival among his art exhibitions.In 2005, Asian Cultural Council awarded him the 3 months art residency in New York in USA. Moreover, ACC granted him to study art galleries in Indonesia and China. After his gallery visits in Indonesia in 2007, he decided to established an art space as he realized that artists have to unite in order to go to international art world. Therefore, in 2008, he established New Zero Art Space in order to promote young generation and to promote Myanmar contemporary art. He has already participated in over 30 foreign group exhibitions from 1999 to 2009. Besides these, he locally participated in over 50 group shows in Myanmar. He made his solo shows in New York, USA and Hong Kong. His sixth solo show was at the Lawkanat gallery in Yangon, Myanmar. As the executive director of New Zero Art space, he is leading the Myanmar contemporary art movements such as international exchange programs and artist in residency program. He is an art critica and a writer as well. According to his admiration in reading, he founded a media group, which has been publishing two monthly magazines, “Fashion”, fashion and beauty magazine and “Hlaing Thit”, art and literature magazine. In 2008, he directed a VCD. His art works are collected in the USA, Germany, Italy, Singapore, japan, Malaysia, Belgium, Korea, Thailand, Taiwan, and in Myanmar.

အေးကို

အေးကို ကို ၁၉၆၃ မှာ ပုသိမ်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ရန်ကုန်ကိုရောက်ရှိခဲ့ပြီး ရန်ကုန်အနုပညာနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ၁၉၉ဝ ပြည့်နှစ်မှာ “Modern Art 90” အနုပညာပြပွဲကို စုစည်းကျင်းပခဲ့ပြီး သူကိုယ်တိုင်လည်း ပါဝင်ပြသခဲ့ပါတယ်။ သူ့ရဲ့ အစောပိုင်းအနုပညာ ဖန်တီးမှုတွေဟာ Impression ပန်းချီကားတွေဖြစ်ပြီး ရန်ကုန် အခြေစိုက် မော်ဒန် အနုပညာသမားများ ဖြစ်ကြတဲ့ မောင်ဒီ၊ အောင်မြင်တို့နဲ့ ချိတ်ဆက်မိတဲ့နောက်မှာ သူဟာ Abstract ကိုပါ စတင်ရေးဆွဲ ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ Performance Art ကို စတင်လေ့လာခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် Asia Topia International Performance Art Festival မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်းကစပြီး ဟောင်ကောင်၊ မကာအို၊ ကမ္ဘောဒီးယား၊ ဂျာမဏီ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ နယူးယောက်တို့မှာ Performance Show များ ပြုလုပ်ခဲ့ပြီး မြန်မာ Performance အနုပညာရှင်တစ်ယောက် အနေနဲ့ နိုင်ငံတကာက သိလာခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းအချိန်များမှာ “Modern Art 90” အဖြစ်မှ “New Zero Art Group” အဖြစ် ပြောင်းလဲခဲ့သည့် အနုပညာ အဖွဲ့အစည်းနှင့်အတူ Multimedia Art နဲ့New Media Art ဖန်တီးတင်ဆက်မှုများကို ပြုလုပ်ခဲ့ပါတယ်။ ၂ဝဝ၁ ခုနှစ်၊ နယူးယော့မြို့ Asian Performance Art Festival မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ Performance ဟာ သူပြုလုပ်ခဲ့သမျှ အနုပညာပြပွဲတွေထဲမှာ မှတ်တမ်းဝင် Performance တင်ဆက်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ Asia Cultural Counci က ပေးအပ်တဲ့ သုံးလ Art Residency ကို နယူးယော့မှာ ပြုလုပ်ခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် Asia Cultural Council ကပဲထပ်မံ၍ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံမှာ ပြခန်းများကို လေ့လာခွင့်ကို ပေးခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ ပြခန်းများကို လေ့လာအပြီးမှာတော့ မြန်မာအနုပညာရှင်များအနေနဲ့ စုစည်းဖို့လိုအပ်ပြီး နိုင်ငံတကာ အနုပညာလောကထဲကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ နေရာတစ်ခုကို ထူထောင်ဖို့ သူဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့်ပဲ ၂ဝဝ၈ ခုနှစ်ကိုရောက်တဲ့အခါမှာ New Zero Art Space ကို တည်ထောင်ခဲ့ပြီး လူငယ်မျိုးဆက်သစ်အနုပညာရှင်တွေကို မွေးထုတ်ပျိုးထောင်ပြီး မြန်မာနိုင်ငံရဲ့ Contemporary Art ကို မြှင့်တင်ဖို့စတင်ခဲ့ပါတယ်။ ၁၉၉၉ မှ ၂ဝဝ၉ ခုနှစ်အထိ နိုင်ငံတကာမှာ ကျင်းပခဲ့သည့် ပြပွဲ ပေါင်း ၃ဝ ခုကျော်ခန့်တွင် ပါဝင်ပြသခဲ့ပြီး ပြည်တွင်းက ပြုလုပ်တဲ့ Group Show ပေါင်း ၅ဝ ကျော်ခန့်မှာလည်း ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့တစ်ကိုယ်တော်အနုပညာပြပွဲတွေကို နယူးယော့ နဲ့ ဟောင်ကောင်မှာ ပြုလုပ်ခဲ့ပါတယ်။ ခြောက်ကြိမ်မြောက် တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်မြို့ လောကနတိ အနုပညာပြခန်းမှာ ပြုလုပ်ခဲ့ ပါတယ်။ New Zero Art Space ရဲ့ ဦးဆောင်ညွှန်ကြားသူ တစ်ဖြစ်လည်း မြန်မာ့ခေတ်ပြိုင်အနုပညာ လှုရှားမှုများ ဖြစ်သော နိုင်ငံတကာနှင့် အနုပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲများ၊ Artist Residency Program များကို ဦးဆောင်ပြုလုပ် လျှက်ရှိပါတယ်။ သူဟာ အနုပညာဝေဖန်ရေးသမားတစ်ဖြစ်လည်း စာရေးဆရာ တစ်ယောက်ဖြစ်ပြန်ပါတယ်။ စာဖတ်ဝါသနာထုံသူ တစ်ဦးပီပီ မီဒီယာလုပ်ငန်းတစ်ခုကို တည်ထောင်ထားပြီး အလှအပေရေးရာနှင့် ဖက်ရှင်ကဏ္ဍများ ပါဝင်သည့် တစ်လတစ်ကြိမ်ထုတ် “Fashion Magazine” နှင့် အနုပညာနှင့် စာပေပိုင်းဆိုင်ရာ မဂ္ဂဇင်းတစ်ခုဖြစ်သည့် နှစ်လ တစ်ကြိမ်ထုတ် “လှိုင်းသစ်” မဂ္ဂဇင်းတို့ကို ထုတ်ဝေလျှက်ရှိပါတယ်။ ဒါ့အပြင် ၂ဝဝ၈ ခုနှစ်မှာ VCD တစ်ခုကို ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲ့ပါတယ်။ သူ့ရဲ့ အနုပညာလက်ရာတွေကို အမေရိက၊ ဂျာမဏီ၊ အီတလီ၊ စင်္ကာပူ၊ ဂျပန်၊ မလေးရှား၊ ဘယ်(လ်)ဂျီယံ၊ ကိုရီးယား၊ ထိုင်း၊ ထိုင်ဝမ်နဲ့ မြန်မာနိုင်ငံတို့ရှိ ပြတိုက်များ၊ အနုပညာပြခန်းများမှာ စုဆောင်းထားရှိခြင်း ခံရပါတယ်။